Friday, November 15, 2013

ချစ်စရာ မြန်မာရိုးရာ

တန်ဆောင်တိုင်ကာလဆိုတော့ မြန်မာပြည်ရဲ့နေရာ အနှံ့အပြားမှာ ကထိန်နဲ့ ပတ်သက်တဲ့သီချင်းလေးတွေ
ကြားနေရမှာပါ ။ ချစ်စရာမြန်မာ့ဓလေ့တစ်ခုပါ။အမွန်မြတ်ဆုံး အလှူဒါန ဖြစ်တဲ့ကထိန်သင်္ကန်းကပ်လှူ
ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေတာမြန်မာပြည်ရဲ့နေရာတိုင်းမှာ လက်ညှိုးထိုးမလွဲပါပဲ။
ဒါကြောင်. စာဖတ်သူအားလုံးလည်း တန်ဆောင်တိုင်မှာကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း ပျော်ရွင်နိုင်
ကြပါစေ။

No comments:

Post a Comment