Sunday, November 10, 2013

ရေးခဲ့ဖူးသော မတောက်တခေါက်ကဗျာများ

သံယောဇဉ်ရှင်းတမ်း

မမြင်နိုင်တဲ့ကြိုးတစ်ချောင်း
ငါ့ရင်ထဲမှာ တွယ်ငြိလာတာ
ငါ့အတွေးငါ့အိပ်မက်တွေမှာ
ပုံရိပ်တစ်ချို့စိုးမိုးလာတာ
နက်နက်ရှိုင်းရှိုင်းမဖြစ်လာဖို့
ငါထိန်းသိမ်းနေတဲ့ကြားက
ပိုတိုးလာတဲ့သံယောဇဉ်တွေကို
ဖြတ်တောက်ရှင်းထုတ် အမြစ်ပြုတ်ဖို့
ငါ့ကိုဓားတစ်ချောင်းပေးခဲ့ပါ။

No comments:

Post a Comment